ကျမ သူမကို စတွေ့ခဲ့တာက တောင်ဒဂုံက မဖြူဖြူသင်းတို့ရဲ့ ဂေဟာမှာပါပဲ။ ငိုနေတဲ့ သူမကို တွေ့တော့ ရောဂါကြောင့်မဟုတ်ဘဲ ၊ အိမ်မှာ ကျန်ခဲ့တဲ့ သားကို လွမ်းလို့ ဆိုပြီး သူ့သားနဲ့ သူအကြောင်း ပြောပြတာ ကြားရတော့ ကျမ တော်တော့်ကို စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ကျမ သူမကို တတ်နိ...ုင်သလောက် ကူညီပေးဖို့ လည်း ဆုံးဖြတ်ခဲ့ပါတယ်။ တကယ်တော့ ကျမ သူမကိုကူညီပေးခဲ့တယ်ဆိုတာ ကြွားဝါးပြောစရာကိစမဟုတ်ပါဘူး၊ မြန်မာနိုင်ငံမှာ ပရဟိတလုပ်ငန်းတွေကို လူကော၊ ငွေကော၊ အချိန်တွေ ကော အားလုံးပုံပေးပြီးလုပ်နေကြတဲ့ သူတွေ အများကြီးရှိပါတယ်။ ကျမကတော့ ပရဟိတလုပ်ငန်းတွေ မလုပ်နိုင်တဲ့ ရံဖန်ရံခါမှပဲ သူများကို ကူညီပေးနိုင်တဲ့သူပါ သာမန်သတင်းသမားတဦးပါ။ အခု သူကျမ ဆီကို လှမ်းရေးပို့လိုက်တဲ့ စာကို တင်ရတာလည်း သူ့ကို ကူညီပေးချင်တဲ့ ကျမမိတ်ဆွေများ စိတ်သဒ္ဒါစိတ်ပေါက်လို့ ကူညီချင်တယ်ဆိုရင် ကူညီပေးနိုင်စေဖို့ပါ။ သူ့အတွက် အလှူခံပေးတာတော့ မဟုတ်ပါဘူး။ ကျမ မျှဝေရုံ သက်သက်ပါ။ အသက် ၃၀အရွယ် ဝေဒနာသည် မုဆိုးမ မိခင်တယောက်ရဲ့ စာကို မူရင်းအတိုင်း သတ်ပုံမပြင် တလုံးတပါတာမှ မဖြတ်မတောက်ပဲ တင်ပေးလိုက်ပါတယ်။ သို့ မမမေ ညီမအေးမြင့်စန်း စာရေးလိုက်ပါတယ် လူချင်းမတွေ့ရလို့ စာရေးပေးလိုက်ပါတယ်။ မမမေရဲ့ စေတနာ မေတ္တာကို ညီမလေးတန်ဖိုးထားပါတယ်။ ညီမ သတက် ဘယ်တော့မှ မမေ့ပါဘူး မမရဲ့ ကျေးဇူး ဆရာမဒေါ်ဖြူဖြူသင်းရဲ့ ကျေးကြီးမားလှပါတယ်။ ညီမလေးသားလေးနဲ့ အသက်ရှင်နေထိုင်ခွင့် ရလို့ညီလေးဘ၀အတွက်တော့ ထာဝရ မမေ့နိုင်စရာ အသက်သခင်ကျေးဇူးရှင် သူတော်ကောင်း သူတော်မြတ်လောင်းများ ဖြစ်ကြပါတယ်။ ညီမဘ၀က ငယ်ငယ်လေးကတဲ့က တိုင်ဆင်းရဲနွမ်းပါးလှပါတယ်။ ၅တန်း ကျောင်းသူဘ၀နဲ့ ကျောင်းက ထွက်ပြီး သူများအိမ်မှာ ဈေးရောင်း အိမ်ဖော်အဖြစ်လုပ်ခဲ့ရတယ်။ အသက် ၁၉နှစ် မပြည့်ခင်မှာပဲ အိမ်ထောင်ကျခဲ့တယ် အသက် ၂၁ နှစ်ကျတော့ ယောက်င်္ကျားဆုံးပြီး သားတစ်ယောက် နဲ့မုဆိုးမ ဘ၀ကို ရောက်ခဲ့ရပါတယ် မိဘမွေးချင်းတွေကလည်း ဆင်းရဲတော့ ညီမတို့သား အမိကို မကျွေးနိုင်ပါဘူး ကလေးငယ်ငယ်နဲ့ အလုပ်လုပ်ပြီး ဘ၀ကို ရုန်းကန်ခဲ့ရပါတယ်။ (၂၀၀၈) ခုနှစ်မှာပဲ ညီမ ဒီရောဂါစ၀င်လာခဲ့တယ်။ ညီမဆုဆောင်းထားတဲ့ ပစ္စည်းလေးတွေ ရောင်းချပြီး ကုသခဲ့ပါတယ်။ဒါပေမဲ့ မရခဲ့ပါဘူး ကိုယ့်ရောဂါရဲ့ အချေခံ ကိုကိုလဲ မသိလိုက်ဘူး သိတဲ့ အချိန်ကျတော့ လူကလဲ အရိုးပေါ် အရေတင် ဖြစ်နေပြီ ပိုက်ဆံကလဲ မရှိ အဲဒီကျမှ မွေးချင်းအသိုင်းအ၀ိုင်းနဲ့ အပေါင်းအသင်းတွေက ပိုက်ဆံစုပြီး ရန်ကုန်တောင်ဥက္ကလာ ဒေါ်ဖြူဖြူသင်းလိပ်စာနဲ့ လွှတ်လိုက်ပါတယ် ဒီရောက်တော့ ဓာတ်မှန်ရိုက်ပြီး အဆုပ်မှာ TV စပေါ့ တွေ့လို့ Tv ဆေးသောက်ရတယ် ၄၅ ရက် TV ဆေးသောက်ပြီးတော့ ညီမတို့ မြို့ကို ပြန်လာခဲ့တယ် TV ဆေးကြောင့် ၀လာပေမဲ့ ပင်ပန်းဒဏ် မခံနိုင်ဘူး မမရယ် ။ ဒဲဒီကျတော့ ကလေးကိုလဲ ကျူရှင်မထားနိုင် ကျောင်းမုန့်ဖိုး တနေ့ ၅၀ ပေးဖို့တောင် ကျမ မိသားစုမှာ ခဲ့ရင်းပါတယ်။ ဒီကြားထဲ ညီမကလဲ ရန်ကုန်ဆေးခန်းပြဖို့ တစ်လ တစ်ခါလို ဖြစ်နေတော့ ငွေကျေးအခတ်အခဲတွေ ဖြစ်နေတာပေါ့ ၁၂နှစ်လပိုင်းမှာ ဆေးခန်းတွေ ဖွင့်လို့ ဆေးတိုးမယ်ဆိုတော့ ပိုက်ဆံမရှိတာနဲ့ နောက်ကျနေခဲ့တယ် ဆရာမစီ ဖုံးဆက်ပြီး TV ဆေးတောင်းတော့ ဆရာမက လူကိုယ်တိုင် လာခဲ့ပါဆိုပြီး လမ်းစရိတ် ၈၀၀၀ ပေးပြီး ခေါ်တယ် ဒီရောက်တဲ့နေ့ ညနေပိုင်း မမမေနဲ့ စတွေ့ခဲ့တာပါဘဲ မမရဲ့ ကူညီထောက်ပံ့မှုကြောင့် ညီမဆက်ပြီး အသက်ရှင်ခွင့်ရခဲ့ပါတယ် ။ မမနဲ့ဆရာဒေါ်ဖြူဖြူသင်းကို ညီမညတိုင်း ဘုရားမှာ ကတော့အိပ်ပါတယ် မမတို့မိသားဆု ကျန်မာပါစေ ၊ လိုရာဆန္ဒပြည့်ဝပါစေ မမရဲ့ လုပ်ငန်းတွေ တိုးတက်အောင်မြင်ပါစေ အလှူရေဆက်လက်နဲ့ မကွာ လှူတန်းနိုင်တဲ့ ဒကာ ဒကာမဖြစ်နိုင်ကျပါစေ ကျန်းမာချမ်းသာချင်းသုခနဲ့ပြည့်ဆုံနိုင်ပါစေ။ ညီမတို့မြို့လေးကို ရောက်ဖြစ်ခဲ့ရင် အလယ်ဝင်ခဲ့ပါ မမကိုကျွေးမွေး ပြုဆုချင်ပါတယ်။ အဝေးတနေရာမှ ညီမ ( အေးမြင့်စန်း ) လိပ်စာ တောင်တွင်းကြီးမြို့ ရွှေအိုး(၁)ရပ်ကွက် မြို့ရိုးပတ်လမ်းနေ (ဦးစောလှိုင် + ဒေါ်ဆန်းလှ) ညီမတို့အိမ်းနားနီးချင်းဖုံး(၀၆၃-၅၀၃၄၇) See More
No comments:
Post a Comment